Latest News
နောက်ဆုံးရသတင်းများ
အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းသတိပေးချက် အမှတ်စဉ်(၁၉/၂၀၂၃)
13/05/23
(၂၀၂၃ ခုနှစ်၊ မေလ (၁၃)ရက်နေ့၊မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်)
(က) အလွန့်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း(Extremely Severe Cyclonic Storm)အခြေအနေ
ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် သဘာဝဘေးကျရောက်လာပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရေး အသင့်စုဖွဲ့ထားရှိ
13/05/23
ဘိုကလေး မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မီးသတ်တပ်ဖွဲ့အနေဖြင့် ဒေသတွင်း၌ သဘာဝဘေး ကျရောက်လာပါက အချိန်မီ ကူညီကယ်ဆယ်နိုင်ရေးအတွက် လူအင်အား၊ ယာဉ်အင်အားတို့ အပါအဝင် ကယ်ဆယ်ရေးပစ္စည်းများဖြင့် အသင့်စုဖွဲ့ထားရှိကြောင်း သိရသည်။
ဟုမ္မလင်းမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိ
13/05/23
ဟုမ္မလင်း မေ ၁၃
မောင်တောမြို့၌ မုန်တိုင်းဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက ကွင်းဆင်းဆောင်ရွက်
13/05/23
မောင်တော မေ ၁၃
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့တွင် မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဘေးလွတ်ရာ နေရာများသို့ ရွှေ့ပြောင်းနေထိုင်ရန် တာ၀န်ရှိသူများက မေ ၁၂ ရက် ညနေပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ကျောက်တော်မြို့နယ်၌ မုန်တိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှ ပြည်သူများအား မုန်တိုင်းခိုလုံရာနေရာများသို့ ပြောင်းရွှေ့
13/05/23
ကျောက်တော် မေ ၁၃
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ဦ ကျောက်တော်မြို့နယ်တွင် မုန်းတိုင်းဘေး ကျရောက်နိုင်သည့် ကျေးရွာများမှ ဒေသခံပြည်သူများအား မုန်တိုင်းခိုလုံရာနေရာသို့ နေ ၁၂ ရက် ညနေပိုင်းက စတင် ရွှေ့ပြောင်းပေးခဲ့သည်။
မော်လမြိုင်ကျွန်းမြို့နယ်တွင် လေဘေးရှောင်ပြည်သူများအား စားနပ်ရိက္ခာနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်
13/05/23
မော်လမြိုင်ကျွန်း မေ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် သဘာဝဘေးဖြစ်ပေါ်လာပါက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့နှင့် တွေ့ဆုံညှိနှိုင်းဆွေးနွေးခြင်းကို မေ ၁၂ ရက်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ပြုလုပ်ခဲ့သည်။