မြန်မာ့ နန်းတွင်းသူငယ်တော်
မြန်မာအဘိဓာန်က ‘နန်းတော်အိမ်တော်တွင် ကိစ္စအသေးအဖွဲများကို ဆောင်ရွက်ပေးရသော သူငယ်အမှုထမ်း’ ဟု ဖွင့်ဆိုသည့် သူငယ်တော်များသည် ရှေးအခါက မြန်မာ့နန်းတော် များတွင် အမှုတော်ထမ်းခဲ့ကြသူများဖြစ်ကြသည်။ သမိုင်းပညာရှင် ဒေါက်တာ တိုးလှက သူငယ်တော်များသည် မင်းဧကရာဇ်ထံပါးတွင် အသေးအဖွဲ အမှုငယ်များကို ဆောင်ရွက်ပေး ကြရသည့် အသက်ခုနစ်နှစ်ထက် မကြီးသော ကလေးသူငယ်များဖြစ်သည်ဟု ဆိုခဲ့သည်။








