အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် ဖွင့်ပွဲခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရုံးရပ်တောင်ရပ်ကွက်အခြေခံပညာ မူလတန်းကျောင်း၌ ကျင်းပခဲ့သည်။
မေတ္တာမြို့၌ အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခြင်းဆောင်ရွက်
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျေးလက်ကျန်းမာရေးဌာန(ခွဲ)၌ ယနေ့နံနက်ပိုင်းက အသက်(၆)လမှ (၅)နှစ်အောက် ကလေးများအား မျက်စိအားဆေးနှင့် သန်ချဆေးများ တိုက်ကျွေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ပွင့်ဖြူမြို့နယ်အတွင်း စပါးစိုက်ပျိုးဧက ၇၁၄၀၁ ဧက လျာထားစိုက်ပျိုးဆောင်ရွက်သွားမည်
မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ပွင့်ဖြူမြို့နယ်သည် နှစ်စဉ် ဆန်းစပါးစိုက်ပျိုးထုတ်လုပ်မှု အများဆုံးဖြစ်သည့် မြို့နယ်တစ်ခုဖြစ်ကာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင်လည်း စုစုပေါင်း စပါးစိုက်ပျိုးဧက ၇၁၄၀၁ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။     
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် MSME Agency Action Plan ဖော်ထုတ်ရေး အလုပ်ရုံဆွေးနွေးပွဲ တက်ရောက်
ဗဟိုအသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီနှင့် နေပြည်တော် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီတို့ ပူးပေါင်း၍ ------
မိတ္ထီလာခရိုင်အတွင်း ငလျင်ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ကယ်ဆယ်ရေး သရုပ်ပြပွဲကျင်းပ 
မိတ္ထီလာခရိုင်အတွင်း ငလျင်ဘေးအန္တရာယ်ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ကယ်ဆယ်ရေး ဆောင်ရွက်နိုင်စေရန် သရုပ်ပြပွဲကို  ယနေ့ နံနက် ၁၀ နာရီက အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) (အောင်ဇေယျာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ခေါဇာ-မကျီးကားလမ်း ပြန်လည်သွားလာနိုင်  
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ခေါဇာမြို့  ခေါဇာ-မကျီးကားလမ်းသည် ဩဂုတ်လ ၈ ရက်နေ့ညတွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်ပြိုကျရာ မိထောလှာလေးနှင့် မကျီးကျေးရွာကြားနေရာ   အတော်များများတွင် လမ်းပိတ်ဆို့မှုများဖြစ်ပွားခဲ့သည်။
အခြေခံမဲဆန္ဒရှင်စာရင်း ပြုစုခြင်းဆိုင်ရာ လုပ်ငန်းများ ဆောမြို့၌ဆောင်ရွက်လျက်ရှိ
မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ဆောမြို့နယ်၌ ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်စာရင်းပြုစုစီစစ်ခြင်းလုပ်ငန်းများကို  သြဂုတ် ၅ ရက်မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။