မန္တလေးမြို့တွင် ကျင်းပမည့် အာဆီယံအစားအစာပွဲတော်တွင် နိုင်ငံ ၁၀ နိုင်ငံမှ ဆိုင်ခန်းပေါင်း ၁၁၀ ကျော် ပါဝင်ပြသမည်

မန္တလေးမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းကျင်းပ မည့် အာဆီယံအစားအစာပွဲတော် (၂၀၁၉ မန္တလေး)တွင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဆိုင်ခန်းပေါင်း ၁၁၀ ကျော် ပါဝင်ပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
မုံရွာမြို့နယ်အတွင်းရှိ ဆည်တမံ (၃)ခု တွင် ယခုနှစ်မိုးရာသီအတွင်း ရေဝင်ရောက်မှုနည်း 
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် အတွင်းရှိ ထန်းဇလုပ်ဆည် သာစည်ဆည်နှင့် ဗောဓိတထောင်ဆည်တို့တွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှု အလွန်နည်းပါးနေသေးကြောင်း မုံရွာမြို့နယ်ဆည်မြောင်း နှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ရွှေဘိုမြို့နယ်တွင် မိုးခေါင်နေ၍ မိုးရွာသွန်းစေရန်  ရွှေတန်ဆာရုပ်ရှင်တော်မြတ် အညာဆန်ပွဲ စည်ကားစွာ ကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ယနေ့ မွန်းတည့်  ၁၂ နာရီက  ရွှေဘိုမြို့နယ်တွင် မိုးခေါင်နေ၍  မိုးရွာသွန်းစေရန် ရည်ရွယ်ပြီး  ရွှေတန်ဆာရုပ်ရှင်တော်မြတ် အညာဆန်ပွဲအား စည်ကားစွာ ကျင်းပပြုလုပ်ခဲ့သည်။
မန္တလေးရတနာမောတွင် Alibaba ကုမ္ပဏီမှ ကျောက်မျက်ကုန်သည်များ လာရောက်ဝယ်ယူမည်
မန္တလေးရတနာမော နိုင်ငံတကာအဆင့်မီ ကျောက်မျက်ရတနာဈေးတွင် တရုတ်နိုင်ငံ၏ နာမည်ကြီး Alibaba ကုမ္ပဏီမှ ကျောက်မျက်ကုန်သည်များက ယခုလ ၁၂ ရက် နှင့် ၁၃ ရက်တွင် ကျောက်စိမ်းများအား စိတ်ကြိုက်ဝယ်ယူသွားမည်ဖြစ်ကြောင်း အဆိုပါဈေးတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၆ မြို့နယ်တွင် စက်တင်ဘာလအတွင်း ရာနှုန်းပြည့်မီးလင်းရန် လျာထား
မန္တလေးတိုင်းဒေသကြီး မြို့နယ်ခြောက်မြို့နယ်တွင် ယခုနှစ် စက်တင်ဘာလအတွင်း ရာနှုန်းပြည့်မီးလင်းရန် လျာထားကြောင်း မန္တလေးတိုင်းဒေသကြီးလွှတ်တော် စက်မှု၊ စွမ်းအင်နှင့် လျှပ်စစ်ရေးရာကော်မတီမှ သိရသည်။
ကမ်းပြိုဘေးသင့်ဖြစ်ပွားနေသည့် ဖောင်ဆိပ်ကျေးရွာ၌ ရေဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်တွင် ဧရာဝတီမြစ်ရေ တိုက်စားမှုကြောင့်ကမ်းပြိုဘေးသင့်ဖြစ်ပွားနေသည့် ဖောင်ဆိပ်ကျေးရွာတွင် ယမန်နေ့ နေ့လည်ပိုင်းက ရေဘေးသဏ္ဍန်တူဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေလှောင်တမံများ၏ အရေးပေါ် အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုဆိုင်ရာ ရှင်းလင်းပွဲနှင့် အရေးပေါ် အခြေအနေ ဖြစ်ပေါ်လာပါက လွှင့်ထူရမည့် အလံများ ပေးအပ်ပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့ ခရိုင်စုပေါင်းခန်းမ၌ သြဂုတ် ၉  ရက် နံနက် ၉ နာရီက ခရိုင်အတွင်းရှိ ---------