မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်းခွဲ (လွိုင်လင်) မိတ်ဆက်ပွဲကျင်းပ

မြန်မာနိုင်ငံ အနာကြီးရောဂါခံစားရသူများအသင်းခွဲ (MAPAL) လွွိုင်လင် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီက အထွေထွေရောဂါကုဆေးရုံကြီး ဇီဝကခန်းမတွင်ကျင်းပခဲ့ကြောင်း သိရသည်။
ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၊ နောင်ကျော့ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၌ ကျောင်းကျန်းမာရေး အသိပညာပေး ဟောပြောခြင်းနှင့် ကျန်းမာရေး စစ်ဆေးကုသခြင်းကို ယနေ့နံနက် ၉ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဲပေးခွင့်ရှိသည့် နိုင်ငံသားတိုင်း မဲပေးနိုင်ရေး မှတ်ပုံတင်များ အခမဲ့ကွင်းဆင်းပြုလုပ် 
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ပြည်သူများ မဲပေးခွင့်ရှိသည့် အခွင့်အရေး မဆုံးရှုံးစေရန်အတွက် နိုင်ငံသားတိုင်း မဲပေးခွင့်ရှိသည် ခေါင်းစဉ်ဖြင့် ယနေ့ နံနက်  ၉ နာရီခွဲက အမှတ် (၅၃) ရပ်ကွက်ရှိ မင်္ဂလာအောင်သိဒွီ ဓမ္မာရုံကြီး၌ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ မှတ်ပုံတင်များ အခမဲ့လာရောက် ပြုလုပ်ပေးကြောင်း သိရသည်။
မိုးညှင်းခရိုင်အတွင်းရှိ တောင်သူ ၇၇၅ ဦးထံသို့ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ -၇ များ ပေးအပ်
ကချင်ပြည်နယ် မိုးညှင်းခရိုင်အတွင်း မိုးညှင်း၊ မိုးကောင်းနှင့် ဖားကန့်မြို့နယ်များရှိ ကျေးရွာအုပ်စု ၂၂ အုပ်စုမှ တောင်သူ ၇၇၅ ဦးထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ - ၇ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် မိုးညှင်းမြို့ နမီးစုရပ်ကွက်ရှိ စိမ်းလဲ့ရတနာခန်းမ၌ ကျင်းပရာ ပြည်နယ်စိုက်ပျိုးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး ဦးကျော်ကျော်ဝင်း တက်ရောက်ခဲ့သည်။  
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ မန္တလေးတွင် တွေ့ဆုံဆွေးနွေး 
မန္တလေးတွင် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာ ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ---------
ဘုတလင်မြို့၌ တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် GAHP သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော တိရစ္ဆာန်ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းနှင့် GAHP သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက အဆိုပါဦးစီးဌာန၌ ကျင်းပသည်။
ဘားအံမြို့တွင်  ရေဘေးကယ်ဆယ်ရေးစခန်းများ စတင်ဖွင့်လှစ် 
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် သံလွင်မြစ်ရေ မြင့်တက်လာမှုကြောင့် သြဂုတ်  ၆ ရက် နံနက်ပိုင်းမှစတင်ပြီး ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ထားရှိခဲ့ရာ နေ့လည်ပိုင်းတွင် ရေဘေးစခန်း (၆)ခုမှ ညနေပိုင်းတွင် စခန်း (၁၀) ခု ထိရှိလာပြီး ရေဘေးသင့် အိမ်ထောင်စု (၁၀၆၀) စုရှိကြောင်း သိရသည်။