ကျုံပျော်မြို့နယ်တွင်းရှိ လျှပ်စစ်မီးမရသေးသည့် ကျေးရွာများသို့ စွမ်းအားမြင့် မီးဖို ၁၈၀ဝ၀ အခမဲ့ဖြန့်ဝေသွားမည် 

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင်းရှိ လျှပ်စစ်မီးမရသေးသည့် ကျေးရွာများသို့ စွမ်းအားမြင့်မီးဖို ၁၈၀ဝ၀ အခမဲ့ဖြန့်ဝေသွားမည် ဖြစ်ကြောင်း ကျုံပျော်မြို့နယ် ဧရာမင်းခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သော ပြုလုပ်သော စီမံကိန်းအလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။
ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်ထက်ကျော်လွန် ကယ်ဆယ်ရေး စခန်း (၂၈) ခုဖွင့်လှစ်ထား
မွန်ပြည်နယ် ဘီးလင်းမြို့တွင် ဘီးလင်းမြစ်ရေ စိုးရိမ်ရေမှတ်သည်  ၁၀၂၂  စင်တီမီတာရှိရာ ယနေ့နံနက်   ၉ နာရီခွဲတိုင်းထွာချက်အရ  ၁၀၃၅  စင်တီမီတာသို့ ရောက်ရှိလာပြီး စိုးရိမ်ရေမှတ်ကို ကျော်လွန်နေပြီဖြစ်ကြောင်း သိရသည်။ သြဂုတ် ၅ ရက်ကစပြီး ကယ်ဆယ်ရေးစခန်း ၇ ခုဖွင့်လှစ်ခဲ့ရာ သြဂုတ် ၆ ရက် ညနေ ၅ နာရီတွင် ကယ်ဆယ်ရေး စခန်း ၂၈ ခုထိ ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ 
ရန်ကုန်မြို့ရဲ့ ကျူးကျော်တွေအတွက် အထူးတန်ဖိုးနည်းအိမ်ရာနဲ့ တိုက်ခန်းတွေ
ရန်ကုန် မြို့မှာ နေထိုင်တဲ့ ကျူးကျော်တွေကို စနစ်တကျနဲ့ ပုံဖော်ပြီး အိမ်ရာတွေ ဆောက်လုပ်ပေးသွားမယ့် အစီအစဉ်တွေ စတင်ဆောင်ရွက်ဖို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ကြိုးစား ဆောင်ရွက်နေပါတယ်။
မိတ္ထီလာခရိုင်ပြည်သူ့ဆေးရုံကြီး၌ သွေးလွန်တုပ်ကွေးရောဂါဖြစ်သူ များပြားသော်လည်း သေဆုံးမှုမရှိ
မိတ္ထီလာပြည်သူ့ဆေးရုံကြီးတွင် လာရောက်ကုသသည့် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူများမှာ ၂၀၁၈ခုနှစ်တွင် (၃၀၉)ဦးရှိပြီး (၄) ဦးသေဆုံးခဲ့သော်လည်း ယခုနှစ်တွင် ဇန်နဝါရီလမှ ဇူလိုင်လအထိ (၁၉၆) ဦးရှိပြီး သေဆုံးမှု မရှိခဲ့ကြောင်း  မိတ္ထီလာပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်ထံမှ သိရသည်။
စလင်းမြို့ ရှာဖွေကယ်ဆယ်ရေးတပ်စု အသင့်စုဖွဲ့၍ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိ
သဘာဝဘေးအန္တရာယ် ဖြစ်ပွားလာပါက ပြည်သူများအား အချိန်နှင့် တစ်ပြေးညီ ကူညီကယ်ဆယ်နိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ် မီးသတ်စခန်းတွင် ရှာဖွေကယ်ဆယ်ရေး တပ်စုအား အသင့်စုဖွဲ့ထားရှိကာ အပတ်စဉ်လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိကြောင်း -------
တီးတိန်မြို့နယ်တွင် ဝဥ စိုက်ဧက ၇၁၁ ဧက အထိ တိုးမြှင့် စိုက်ပျိုး 
ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဝဥစိုက်တောင်သူ တိုးပွားများပြားလာရာ ၇၁၁ ဧကအထိ တိုးမြှင့်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
မြေအမျိုးအစား မတူညီသည့် နေရာများမှ မြေဆီလွှာတိုင်းတာရေးနှင့် မြေမျိုးမြေပုံ ထုတ်လုပ်ခြင်း ကွင်းဆင်းဆောင်ရွက်
ချောက်မြို့နယ်အတွင်း စိုက်ပျိုးရေးဦးစီးဌာန (မြေအသုံးချရေးဌာနခွဲရုံးချုပ်) နေပြည်တော်မှ ဦးစီးအရာရှိ ဦးကျော်စိုးဝင်းနှင့် အဖွဲ့သည် --------