မြန်မာနိုင်ငံ၏ အဏ္ဏဝါသဘာဝ နယ်မြေများအတွက် မူဝါဒ(မူကြမ်း)ရေးဆွဲနိုင်ရေး ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲ မြိတ်မြို့၌ ကျင်းပ

မြန်မာနိုင်ငံ၏ အဏ္ဏဝါ သဘာဝနယ်မြေများအတွက် မူဝါဒ(မူကြမ်း)ရေးဆွဲနိုင်ရေး ဒေသအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ Green Eyes ဟိုတယ် အစည်း အဝေးခန်းမတွင် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)တို့ ပူးပေါင်း၍ (၂)ရက်ကြာ ကျင်းပလျက်ရှိသည်။
မင်းတုန်းမြို့တွင် ရာသီတုပ်ကွေးဖြစ်ပွားသူ (၃)ဦး တွေ့ရှိပြီး ကုသပေးနိုင်ပြီဖြစ်
သရက်ခရိုင်၊ မင်းတုန်းမြို့တွင် သြဂုတ် ၁ ရက်နေ့တွင် ရာသီတုပ်ကွေး Influenza Virus Type A ဖြစ်ပွားသူ နှစ်ဦးတွေ့ရှိရာ ပထမဆုံးတွေ့ရှိသူ တစ်ဦးအား မကွေးပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသစေပြီး ----------
မြန်မာနိုင်ငံ၏ အဏ္ဏဝါသဘာဝ နယ်မြေများအတွက် မူဝါဒ(မူကြမ်း)ရေးဆွဲနိုင်ရေး ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲ မြိတ်မြို့၌ ကျင်းပ
မြန်မာနိုင်ငံ၏ အဏ္ဏဝါ သဘာဝနယ်မြေများအတွက် မူဝါဒ(မူကြမ်း) ရေးဆွဲနိုင်ရေး ဒေသအဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို သြဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ Green Eyes ဟိုတယ် အစည်းအဝေးခန်းမတွင် သစ်တောဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ တောရိုင်းတိရစ္ဆာန်နှင့် သဘာဝအပင်များ ထိန်းသိမ်းရေးအဖွဲ့(FFI)တို့ ပူးပေါင်း၍ (၂)ရက်ကြာ ကျင်းပလျက်ရှိသည်။
ကြာအင်းဆိပ်ကြီးမြို့၌ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကားလမ်းများ ရေနစ်မြုပ်ကာ သွားလာရေး ခက်ခဲလျက်ရှိ
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် သြဂုတ်လ လဆန်းပိုင်းမှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ဇမိမြစ်ရေလျှံကာ မြေနိမ့်ပိုင်းရှိ လူနေအိမ်များနှင့် ကားလမ်းများ ရေလျှံနစ်မြုပ်လျက်ရှိသည်။
ဒုတိယအသုတ်ရောင်းချသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ရာတိုက်ခန်း လက်ငင်းဝယ်ယူသူများသည် သြဂုတ်လကုန် နောက်ဆုံးထားပြီး ငွေပေးချေရမည်
ဒုတိယအသုတ် ရောင်းချသည့် မြရည်နန္ဒာ တန်ဖိုးမျှတအိမ်ယာ တိုက်ခန်း လက်ငင်းဝယ်ယူသူများသည် သြဂုတ်လကုန် နောက်ဆုံးထားပြီး ငွေပေးချေရမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။
ပုသိမ်ခရိုင် ရေကြည်မြို့တွင်  လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်ပေါ် သစ်ပင်လဲကျမှုဖြစ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့တွင် သြဂုတ် ၅ ရက် ညနေပိုင်းက လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်တစ်လုံးပေါ်သို့ သစ်ပင်လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မိုးရွာသွန်းမှုကြောင့် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံတံတားချဉ်းကပ်လမ်းပေါ်သို့ သစ်ပင်လဲကျမှု ဖြစ်ပွား
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ပိုင်ကျုံမြို့ အမှတ်(၃)ရပ်ကွက် ပိုင်ကျုံတံတား ချဉ်းကပ်လမ်းဘေးရှိ  လုံးပတ် ၈ ပေ၊ အမြင့်ပေ ၆၀ ခန့်ရှိ ကုက္ကိုပင်သည် မိုးရွာသွန်းမှုကြောင့် မြေပျော့အိကာ တံတားချဉ်းကပ်လမ်းပေါ်သို့ ယနေ့ နံနက် ၅ နာရီ ၄၀ မိနစ်ခန့်တွင် လဲကျခဲ့ကြောင်း သိရသည်။