ဇလွန်မြို့နယ်၌ ကမ်းပြိုရာတွင် ရွှေ့ပြောင်းရသော အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ် ဖားလက်ခိုကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာတွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် ရွှေ့ပြောင်းရသော အိမ်ထောင်စုများနှင့် လေဘေးသင့် အိမ်ထောင်စုဝင်များအား ဟင်္သာတခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းလွဲပိုင်း က ထောက်ပံ့ပေးအပ်ခဲ့သည်။








