မှုခင်းကြိုတင်ကာကွယ်ရေးသည် မှုခင်းဖြစ်ပွားမှု လျော့ကျစေနိုင်ရန် အထောက်အကူဖြစ်စေကြောင်းမြို့နယ် ရဲတပ်ဖွဲ့မှူးမှ ပြောကြား

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ကျော်ခိုင်ဦးဆောင်သည့် တပ်ဖွဲ့ဝင်များသည် ဗန်းမော်မြို့နယ်အတွင်း မှုခင်းဖြစ်ပွားမှု လျော့နည်းကျဆင်းရေး အသိပညာပေးဟောပြောပွဲများကို အခြေခံပညာကျောင်းများတွင် ကျောင်းဖွင့်ရက်များ၌ အလှည့်ကျ ဟောပြောမှုများကို ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၃၀ ရက် မွန်းလွဲ ၁ နာရီက ဗန်းမော်မြို့နယ် စင်းခန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းရှိ စံလှကြီးခန်းမတွင် မှုခင်းကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တနိုင်း-မြစ်ကြီးနားသွား လီဒိုလမ်းမကြီးတွင် မြေပြိုကျမှုဖြစ်ပွား
ကချင်ပြည်နယ် မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တနိုင်း-မြစ်ကြီးနားသွား လီဒိုလမ်းမကြီးတွင် မြေပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း----------
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုနှင့် စပ်လျဉ်း၍ ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကျင်းပ
သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်ဆီးမှုနှင့် စပ်လျဉ်း၍ညှိနှိုင်းဖြေရှင်းရေးအဖွဲ့နှင့် တစ်သျှူးငှက်ပျောစိုက်ပျိုးသည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲကို ဇူလိုင် ၃၀ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံးဝင်းရှိ မလိခခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တွင် နဝမအကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲ ပြုလုပ်
သမဝါယမတက္ကသိုလ်(စစ်ကိုင်း)တွင် ၂၀၁၈-၂၀၁၉ ပညာသင်နှစ် နဝမအကြိမ်မြောက် သုတေသန စာတမ်းဖတ်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သမဝါယမတက္ကသိုလ်(စစ်ကိုင်း) ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပြုလုပ်ခဲ့သည်။
တပ်ကုန်းမြို့၌ လူဦးရေစာရင်းနှင့် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုခြင်းလုပ်ငန်း (၄၀) ရာနှုန်းပြီးစီး
လူဦးရေစာရင်း အချက်အလက်များ ကောက်ယူပြုစုခြင်းနှင့် အခြေခံ မဲဆန္ဒရှင် စာရင်းပြုစုခြင်း လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် စီမံချက်ဖြင့် -----------
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန  ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ တာဝန်ကိုပါ ပူးတွဲထမ်းဆောင်

စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးအဖြစ် ဦးဖြိုးဖြိုးအား တာဝန်ပေးခန့်အပ်