ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်ရပ်ကွက်များအတွင်း ရေကြီးရေလျှံမှုအခြေအနေကို သွားရောက် ကြည့်ရှုစစ်ဆေး
ကချင်ပြည်နယ်အတွင်း ဧရာဝတီမြစ်အထက်ပိုင်းနှင့် မြို့နယ်အချို့တွင် မိုးအဆက်မပြတ် သည်းထန်စွာ ရွာသွန်းမှုကြောင့် မြစ်ကြီးနားခရိုင်နှင့် ပူတာအိုခရိုင်အတွင်း၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်အချို့တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည့် အခြေအနေများကို ယနေ့နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင်နှင့် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက သွားရောက် ကွင်းဆင်း စစ်ဆေးကြသည်။






