စာတိုက်ပေါင်း ၁၃၉၀ ဖြင့် တစ်နိုင်ငံလုံးတွင် စာတိုက်ဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာ့စာတိုက်လုပ်ငန်းမှ ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့စာတိုက်လုပ်ငန်းသည် စာတိုက်ပေါင်း ၁၃၉၀ ဖြင့် တစ်နိုင်ငံလုံးတွင် စာတိုက်ဝန်ဆောင်မှု လုပ်ငန်းများကို ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာ့စာတိုက်လုပ်ငန်း၏ ဝန်ဆောင်မှု လုပ်ငန်းများနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြန်မာ့စာတိုက်လုပ်ငန်း၏ website ဖြစ်သည့် www.myanmarepost.com တွင် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။