ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ စာအောင်သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာအပါး ၂၇၀ဝ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲကျင်းပ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ ဇန်နဝါရီ ၂၇ ရက် နံနက် ၉ နာရီက ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော်တွင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေက အနေကဇာတင်မင်္ဂလာ၊ ဂိုဏ်းပေါင်းစုံ နာယကဆရာတော်ကြီးများ၊ စာအောင်သံဃာများ၊ သီလရှင်များအား ဂုဏ်ပြုပူဇော်ပွဲနှင့် သံဃာအပါး ၂၇၀ဝ အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။