ညောင်ဦးမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရေး ရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်း ကွင်းဆင်းဆောင်ရွက်
မိုးရာသီကာလတွင် ခြင်ကြောင့်ဖြစ်ပွားတတ်သည့် သွေးလွန်တုပ်ကွေးရောဂါအန္တရာယ် ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ စိန်ကုန်းရပ်ကွက်မှ ရာအိမ်မှူးများနှင့် ရပ်ကွက်လူငယ်ခေါင်းဆောင်များ ပူးပေါင်းအဖွဲ့သည် ညောင်ဦးမြို့၊ စိတ္တသုခ ခြင်ဆေးဖျန်း ပရဟိတလူငယ်အဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ယနေ့ နံနက် ၈ နာရီခွဲက စိန်ကုန်းရပ်ကွက်အတွင်း ခြင်ဆေးဖျန်းခြင်းလုပ်ငန်းများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ စိန်ကုန်းရပ်ကွက်မှ ဒေသခံရပ်မိရပ်ဖ ဦးဝင်းမင်းထွန်းထံမှ သိရသည်။







