ဆောမြို့နယ် နှော်ကျေးရွာ ကွန်ကရစ်တံတားတည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ နှော်ကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လူထုဗဟိုပြုစီမံကိန်း တတိယနှစ်စက်ဝန်းဖြင့် ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်းကို မတ်လပိုင်းက စတင်အကောင်အထည်ဖော် တည်ဆောက်ခဲ့ရာ ယခုအခါ ၉၀ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆောမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။






