လူငယ်နှင့်မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း(Public Talk)ကို တာပေါင်ကျေးရွာအုပ်စု ကော့ပေါ ကျေးရွာ အလကကျောင်း ပညာမျက်မှန်ခန်းမ၌ ဇန်နဝါရီ ၁၄ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
(၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံဖွင့်ပွဲ အခမ်းအနားကျင်းပ
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည်  ယနေ့နံနက်ပိုင်းတွင် ရန်ကုန်မြို့ရှိ ဆေးသုတေသနဦးစီးဌာနတွင် ကျင်းပသည့် (၄၇) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားသည်။
မုံးကိုးမြို့တွင် အသက်(၈၅)နှစ်အထက် ဘိုးဘွားများအား အမျိုးသားလူမှုရေးပင်စင် အိမ်တိုင်ရာရောက် ထောက်ပံ့
ရှမ်းပြည်နယ် မူဆယ်ခရိုင် မုံးကိုးမြို့ရှိ အသက်(၈၅)နှစ်အထက် ဘိုးဘွား ၁၃ ဦးအား  နိုင်ငံတော်မှ ချီးမြှင့်သည့် အမျိုးသားလူမှုရေးပင်စင်ငွေအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဌာနခွဲစာရေး ဦးနိုင်ထွန်မောင်က
ပွင့်ဖြူမြို့နယ်၌ (၁၁)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီးချေးငွေများ ထုတ်ချေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမအသင်းစုတို့ ပူးပေါင်းကျင်းပ ပြုလုပ်သည့် အခြေခံသမဝါယမအသင်းများသို့ (၁၁)ကြိမ်မြောက် EXIM Bank အသေးစားအရင်းအနှီးချေးငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၀ ရက် ယနေ့နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
(၆၇) နှစ်မြောက်၊ ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်
ဇန်နဝါရီ ၁၅ ရက်တွင် ကျရောက်မည့် (၆၇)နှစ်မြောက်ကယားပြည်နယ်နေ့ ပွဲတော်အား ဇန်နဝါရီ ၁၀ ရက်မှ ၁၉ ရက်အထိ ၁၀ ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ (၆၇) နှစ်မြောက်၊ ကယားပြည်နယ်နေ့ မုခ်ဦးဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ မင်းစုရပ်ကွက်၊ စာတိုက်ဝိုင်းအနီးရှိ ပွဲတော်မုခ်ဦး၌ ကျင်းပခဲ့သည်။
(၆၈ ) ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များ ပါဝင်သော ညှိနှိုင်းအစည်းအဝေးကျင်းပ
၆၈ ကြိမ်မြောက် မြန်မာနိုင်ငံ ပြက္ခဒိန်အကြံပေးအဖွဲ့၏ ပညာရှင်များပါဝင်သော မျက်နှာစုံညီ ညှိနှိုင်းအစည်းအဝေးကို သာသနာတော်နှစ် ၂၅၆၂၊ မြန်မာသက္ကရာဇ် ၁၃၈၀ ခုနှစ်၊ ပြာသိုလ်လ ဆန်း ၅ ရက်၊ ခရစ်နှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၀ ရက်၊ ၉ နာရီတွင် မန္တလေးမြို့၊ ၆၆ လမ်း၊ ၂၀ လမ်း × ၂၂ လမ်းကြား၊ အောင်မြေသာဇံမြို့နယ်ရှိ အမျိုးသား ဇာတ်ရုံ(မန္တလေး)၌ ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်း တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့ပါသည်။
လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းမှားနှင့် ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ပွဲကျင်းပ
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့ ကုလားကုတ်ကျေးရွာအုပ်စုအောက်ဆိပ်ကျေးရွာတွင် ဇန်နဝါရီ ၈ ရက်က လေပြင်းတိုက်ခတ်ခံရသည့် လေဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးပစ္စည်းများ နှင့် ထောက်ပံ့ငွေများ ပြန်လည်ပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက မွန်အမျိုးသားပညာရေးကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။