ကမ္ဘာ့ရှားပါးမျိုးနွယ်ဝင် ရခိုင်တောင်လိပ် အကောင်ရေ ၅၀ ခန့် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော၌ ထိန်းသိမ်းစောင့်ရှောက်ထား
မြန်မာနိုင်ငံတွင်သာရှိသည့် ကမ္ဘာ့ရှားပါးမျိုးနွယ်ဝင် ရခိုင်တောင်လိပ် အကောင်ရေ ၅၀ ခန့်ကို ရခိုင်ပြည်နယ် ဂွမြို့နယ် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ရုံးဝင်းခြံ အတွင်း၌ ခြံလှောင်ထိန်းသိမ်း စောင့်ရှောက်မွေးမြူထားကြောင်း ဇွန် ၁ ရက် က သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS -Myanmar)၏ လိပ်မျိုးဆက်ရှင်သန်ရေးအဖွဲ့(TSA) မှ ဦးထွန်းသူ(သုတေသနအရာရှိ)၏ ပြောပြချက်အရသိရသည်။








