နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း လမ်းများပြုပြင်ဆောင်ရွက်နေမှုနှင့် ရေကြီးရေလျှံမှုကြောင့် သဲ၊ နုန်းများ၊ အမှိုက်များ ရှင်းလင်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနားမြို့၊ ဘောဂသီရိယာဉ်ရပ်နားစခန်းအနီး ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လမ်းသားများ ပေါက်ပြဲနေမှု၊ ပျဉ်းမနားမြို့ရှောင်လမ်း မိုင်တိုင်အမှတ် (၂၁၁/၄ နှင့် ၂၁၁/၅)ကြား လမ်းပေါက်ပြဲနေမှုများကို ပြုပြင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လမ်းများ ရေရှည်ကောင်းမွန်စေရေး၊ သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။







