ဒုတိယဝန်ကြီး ဦးအောင်မြိုင် သဲတော - သပြေတောင်းအကြား ရထားလမ်းပိုင်းရှိ ရေတိုက်စားပြီး ပျက်စီးမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်နှင့် တံတားများပြုပြင်နေမှု ကြည့်ရှုစစ်ဆေး
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရန်ကုန် - မန္တလေး ရထားလမ်းပိုင်းရှိ သဲတော - သပြေ တောင်းအကြား ရထားလမ်းပိုင်း၌ မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် ရေတိုက်စားပြီး ပျက်စီးချို့ယွင်းမှုဖြစ်ပေါ်ခဲ့သည့် ရထားလမ်းတာပေါင်များနှင့် ရထာလမ်းတံတားနေရာများကို ကြည့်ရှုစစ်ဆေးသည်။







