အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ ဦးဆောင်မှု၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံး၏ ပူးပေါင်းမှုဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ဝန်ထမ်းစုဆောင်းရွေးချယ်ခြင်းနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ အဆင့်မြှင့်တင်ခြင်းအလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ရုံးအမှတ်(၁၇)၌ Virtual Platform ဖြင့် ကျင်းပသည်။






