ပွင့်ဖြူမြို့နယ်၌ စားသုံးဆီအရောင်းဆိုင်များ ဈေးနှုန်းမြှင့်တင် ရောင်းချမှု မရှိစေရေးစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန်နှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် ဇွန် ၅ ရက် နံနက်ပိုင်းက တာဝန်ရှိသူများပူးပေါင်း၍ မြို့ပေါ်ရှိ စားသုံးဆီ အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဇွန် ၄ ရက်က ပင်လယ်ဆိပ်ကမ်းအနီး ဘလောက်ညောင်ဝိုင်းကျေးရွာရှိ အခြေခံပညာမူလတန်း(လွန်) စာသင်ကျောင်း၌ ပြုလုပ်ခဲ့သည်။
ကျိုက်လတ်မြို့နယ်၌ စားအုန်းဆီများအား ချိုသာသောစျေးနှုန်းဖြင့် ရောင်းချပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျိုက်လတ်မြို့နယ်တွင် အခြေခံလူတန်းစားများ စားသုံးဆီဖူလုံစေရေးနှင့် စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်ရေးအတွက် ကျိုက်လတ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ပူးပေါင်း၍  စားအုန်းဆီများကို ချိုသာသောစျေးနှုန်းဖြင့် ဇွန် ၄ ရက် နံနက်ပိုင်းက ရောင်းချပေးခဲ့ကြောင်း သိရသည်။
ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေး
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့ နံနက် ၈ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့ ဘုရင့်နောင်တပ်နယ် အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ် စကားဝိုင်းဆွေးနွေးပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်တွင် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် သစ်တောစိုက်ခင်းဧက (၁၀၀)ကျော် စိုက်ပျိုး

 

ဆိပ်ဖြူ    ဇွန်     ၅

တာမွေမြို့နယ်ရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်း၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ(၁၁၅)ဦးကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိ
၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့မှစတင်ကာ ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများအား တစ်ပြိုင်နက်တည်း ဖွင့်လှစ်ပညာသင်ကြားပေးလျက်ရှိရာ တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် နေမျိုးသူရလမ်းရှိ ကျောက်ပန်းတောင်းစာသင်တိုက် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၌ အခြေခံပညာအဆင့် ကျောင်းသား/ကျောင်းသူ (၁၁၅)ဦးကို အခမဲ့ ပညာသင်ကြားပေးလျက်ရှိကြောင်း သိရသည်။