ရတနာပုံတက္ကသိုလ်၌ နေ့သင်တန်းအသီးသီးတို့၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများ ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ရတနာပုံတက္ကသိုလ်၏ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်း၊ ဂုဏ်ထူးတန်းသင်တန်း၊ မဟာအရည်အချင်းစစ်သင်တန်း၊ ဒီပလိုမာဘွဲ့၊ မဟာဘွဲ့သင်တန်း စသည့် သင်တန်းနှစ် အသီးသီးတို့၏ ပထမပညာသင်ကာလနှင့် ဒုတိယပညာသင်ကာလများကို ဇွန် ၃ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ခဲ့သည်။
ကယားပြည်နယ် လွိုင်ကော်မြို့၌ ကျောင်းသူ/ကျောင်းသားများ အေးချမ်းစွာ ပညာသင်ကြားနေမှုများအား ကြည့်ရှုအားပေး
ဇွန် ၃ ရက်တွင် ကယားပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ အခြေခံကျောင်းများ၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများကို စတင်ဖွင့်လှစ်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ လိုက်ပါ၍ လွိုင်ကော်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။
အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ​ကောလိပ်၌၂၀၂၃-၂၀၂၄၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် ​ပြန်လည်ဖွင့်လှစ်
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်ရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီ​ကောလိပ်၌၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဒုတိယနှစ်ဝက် သင်တန်းများနှင့်၂၀၂၄-၂၀၂၅ ပညာသင်နှစ် ပထမနှစ်ဝက် သင်တန်းများကို ဇွန် ၃ ရက် နံနက်ပိုင်းမှ စတင်ဖွင့်လှစ်ခဲ့ရာ ​ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြားလျက်ရှိသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး (၁၁၁၁)ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော် လောင်းလှူပွဲကျင်းပ
ဗီယက်နမ်နိုင်ငံမှ အလှူရှင်များစုပေါင်းလှူဒါန်းသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သီလရှင်ဆရာလေး (၁၁၁၁)ပါးတို့အား အလှူငွေနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲ အခမ်းအနားကို ယမန်‌နေ့ည‌နေပိုင်းက စွယ်တော်မြတ်စေတီတော်(ရန်ကုန်) ဂန္ဓကုဋီတိုက်အတွင်း၌ ကျင်းပပြုလုပ်သည်။
ထားဝယ်မြို့၌ ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ်(၁/၂၀၂၄) ဖွင့်ပွဲ တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်
တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးနှင့် ပညာရေးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော ဥပဒေအသိပညာပေးသင်တန်း အမှတ်စဉ် (၁/၂၀၂၄) ဖွင့်ပွဲကို ဇွန် ၄ ရက် နံနက်ပိုင်းက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။
ဒေါပုံမြို့နယ်နှင့် သာကေတမြို့နယ်များ ရေစီးရေလာကောင်းမွန်စေရေး မြို့တော်ဝန်ကွင်းဆင်းစစ်ဆေး
ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယမြို့တော်ဝန်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် သာကေတမြို့နယ်၊ ထူပါရုံရပ်ကွက်၊ ဧရာဝဏ်လမ်းနှင့် မြင်တော်သာလမ်းထောင့်ရှိ အမှတ်(၁၃) မြစ်ထွက်ပေါက်သို့စီးဆင်းသည့် ဧရာဝဏ် လမ်းဖြတ်ရေမြောင်း ရေစီးရေလာကောင်းမွန်စေရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဆယ်ယူပြီးအမှိုက်နှင့် နုန်းများစနစ်တကျစွန့်ပစ်ရန်၊ ရေမြောင်းပိတ်ဆို့မှုမရှိစေရေး မြစ်ထွက်ပေါက်အထိ ရှင်းလင်းရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကျောင်းအပ်လက်ခံပြီး သင်ကြားမှုစတင်