မြို့တော်ဝန်ဦးဗိုလ်ဌေး မြို့မကျောင်းလမ်း AC ထပ်ပိုးလွှာခင်းခြင်းနှင့် ဦးဝိစာရလမ်း လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ယမန်နေ့ညပိုင်းက ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်း (အလုံလမ်းမှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအထိ) ကတ္တရာကွန်ကရိ(AC) ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ချိန် ယာဉ်သွားလာမှု အဆင်ပြေစေရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး ဆောင်ရွက်ရန်မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ဆက်လက်၍ မြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့နယ်၊ ရွှေတိဂုံစေတီတော် အနောက်ဘက်မုခ်နှင့် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်အကြားရှိ ဦးဝိစာရလမ်း မြေအောက်လမ်းကူး လူသွားဥမင် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ပြီး လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်းကိုက်ညီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး မှာကြားကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဒုတိယဝန်ကြီး ဒေါ်နုမြဇံ မြန်မာနိုင်ငံပြတိုက်များဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး (၂/၂၀၂၄) ညှိုနှိုင်းအစည်းအဝေး တက်ရောက်
မြန်မာနိုင်ငံပြတိုက်များဥပဒေကို ပြင်ဆင်ဖြည့်စွက်နိုင်ရေး (၂/၂၀၂၄) ညှိုနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် အမျိုးသားပြတိုက်(ရန်ကုန်) ဘက်စုံအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ငါးလုပ်ငန်းကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး ဌာနနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ ပူပေါင်းဆောင်ရွက်မှုမြှင့်တင်ကြိုးပမ်း
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးသည် ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် ငွေပင်လယ် ငါးချဆိပ်ကမ်း၌ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်ပို့ချသည့် ပင်လယ်ငါးဖမ်း ရေလုပ်သားများအတွက် အခြေခံလုပ်ငန်းကျွမ်းကျင်မှု သင်တန်း (၄/၂၀၂၄) သင်တန်းဖွင့်ပွဲသို့ တက်ရောက်အားပေးသည်။
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်း၊ စာသင်ဝိုင်းသင်ကြားနေမှုကို ကြည့်ရှုအားပေး၊ တိုင်တစ်ရာကျောင်းတိုက် ရှေးဟောင်းလက်ရာများကြည့်ရှု
ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယနေ့နံနက်က မြန်အောင်မြို့ အမှတ်(၁)ရပ်ကွက် ရသအောင်မြေစာကြည့်တိုက်သို့ ရောက်ရှိပြီး စာကြည့်တိုက် ကော်မတီဝင်များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ စာကြည့်ဖွံဖြိုးတိုးတက်ရေးအတွက် အလှူငွေကျပ် သုံးသိန်းနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့သည်။
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာခရီးစဉ် တရုတ်ခရီးသွားများ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသသို့ ရောက်ရှိလေ့လာ
မြန်မာ-တရုတ် ခရီးသွားမြှင့်တင်ရေး ရင်းနှီးကျွမ်းဝင်မှုဆိုင်ရာ ခရီးစဉ်အဖြစ် တရုတ်ခရီးသွားများ မေ ၁၆ ရက်နှင့် ၁၇ ရက်တို့တွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း သမိုင်းအထင်ကရဘုရားများ ဖူးမြော်လေ့လာပြီး သစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်များစိုက်ခဲ့ကြောင်း သိရသည်။
မိုင်းခတ်မြို့ ရပ်ကွက်နေပြည်သူများထံ Mobile Library စနစ်ဖြင့် စာအုပ်စာ‌စောင်များ အခမဲ့ငှားရမ်းပေး
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ ၁ နာရီက မိုင်းခတ်မြို့၊ အမှတ်(၁)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများနှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄) သို့ တက်ရောက်
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ ထုတ်ချေးမှုများနှင့် စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၂/၂၀၂၄)ကို ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။