ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းတွင် Max Highway ကုမ္ပဏီမှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်-မန္တလေး လမ်းဟောင်း (ရန်ကုန်-ပဲခူးလမ်းပိုင်း) မိုင်တိုင်အမှတ် (၁၂/၀)နှင့် (၁၃/၀)ကြား U Turn ဆောင်ရွက်နေမှု၊ မိုင်တိုင်အမှတ် (၁၅/၀)မှ(၁၅/၄) ကြားတွင် မူလကတ္တရာ လမ်းဟောင်းပေါ်တွင် AC ကတ္တရာခင်းခြင်းလုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်များနှင့်အညီ အရည်အသွေး လက်ရာလက်သား ကောင်းမွန်ရေး အလေးထားဆောင်ရွက်ရန်မှာကြားသည်။