ဇမ္ဗူသီရိမြို့နယ် နေပြည်တော်အချုပ်ထောင်၌ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသူ အကျဉ်းသား၊ အကျဉ်းသူ (၁၇) ဦးအား လွှတ်ပေး

ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်၊ နေပြည်တော်အချုပ်ထောင်၌ မြန်​မာနှစ်သစ် မင်္ဂလာအထိမ်းအမှတ် အားဖြင့်လည်း​ကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်အမှတ် ၃၀/၂၀၂၂ အရ အကျဉ်းသား၊ အကျဉ်းသူများအား ဧပြီ ၁၇ ရက် နံနက်ပိုင်းက လွှတ်ပေးခဲ့ကြောင်း သိရသည်။
နှစ်သစ်ကူး အန္တရာယ်ကင်းပရိတ်တရား နာယူပွဲနှင့် သက်ကြီးပူဇော်ပွဲကျင်းပ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် နှစ်သစ်ကူးအန္တရာယ်ကင်း ပရိတ်တရားနာယူပွဲနှင့် သက်ကြီးပူဇော်ပွဲကို ဧပြီ ၁၇ ရက် နံနက် ၇ နာရီက မြို့နယ်ခန်းမ၌ ကျင်းပသည်။
မာန်အောင်မြို့၌  မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီလှည့်လည် အပူဇော်ခံ
ရခိုင်ပြည်နယ် မာန်အောင်မြို့ မြို့မကျောင်းကြီးကုသိနာရုံအဖွဲ့က ကြီးမှူး၍ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော နှစ်ကျိပ်ရှစ်ဆူဘုရား ဒေသစာရီ လှည့်လည်အပူဇော်ခံပွဲကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များသို့ စီတန်းလှည့်လည်အပူဇော်ခံခဲ့ကြောင်း သိရသည်။
ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်းကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း(၅၆)ဦး လွှတ်ပေး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မြန်မာနှစ်သစ် မင်္ဂလာအခါ သမယအထိမ်းအမှတ်အဖြစ် လည်း ကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသော အားဖြင့်လည်းကောင်း  ပြစ်ဒဏ်လွတ်ါငြိမ်းသက်သာခွင့်ဖြင့် မြိတ်အကျဉ်းထောင်၊ ကျောက်ဖြူတောင် ကုန်ထုတ်စခန်းနှင့် နတ်စင်ကုန်း ကုန်ထုတ်စခန်းခွဲတို့မှ အကျဉ်းသား၊ အကျဉ်းသူ (၅၆)ဦးအား လွှတ်ပေးခဲ့ကြောင်း သိရသည်။
မုဒုံမြို့၌ နှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါန ငါး လွှတ်ပွဲ ကျင်းပ
၁၃၈၄ ခုနှစ်၊ နှစ်ဆန်းတစ်ရက်နေ့တွင် မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ အသက်(၉၀)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများပူဇော်ပွဲနှင့် ဇီဝိတဒါနငါးလွှတ်ပွဲအခမ်းအနားကို ဧပြီ ၁၇ ရက် နံနက် ၈ နာရီက မြို့မ(၄)ရပ်ကွက်ရှိ ကန်ကြီးသာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
တွံတေးတူးမြောင်းအတွင်း ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ၁၃၈၄ ခုနှစ် နှစ်သစ်အခါသမယဖြစ်သည့် မြန်မာတို့၏ အထွတ်အမြတ်ထားရာ မြန်မာ့နှစ်ဆန်းတစ်ရက်နေ့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် တွံတေးတူးမြောင်းအတွင်း ငါးလွှတ်ပွဲကို ဧပြီ ၁၇ ရက် နံနက် ၇ နာရီခွဲက ဧရာဝတီသင်္ဘောဆိပ်၊ ဆိပ်ခံဗောတံတား၌ ကျင်းပကြောင်း သိရသည်။
သာယာဝတီဗဟိုအကျဉ်းထောင်မှ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့် အကျဉ်းသားတစ်ဦးအား လွှတ်ပေး
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီဗဟိုအကျဉ်းထောင်မှ တာဝန်ရှိသူများက နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၃၀/၂၀၂၂)ဖြင့် ကျင့်-၄၀၁ (၁)အရလွတ်မြောက်သည့်  အကျဉ်းသားတစ်ဦးကို ဧပြီ ၁၇ ရက် နံနက်ပိုင်းက သာယာဝတီဗဟိုအကျဉ်းထောင် အစည်းအဝေးခန်းမ၌ လွှတ်ပေးခဲ့ကြောင်းသိရသည်။