သဲကုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကျင်းပ

၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် သက်ကြီးပူဇော်ပွဲကို သဲကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ဧပြီ ၁၇ ရက် နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
ရေကြည်မြို့နယ်  စိမ်းလဲ့ရေကြည်ခန်းမတွင်   သက်ကြီးဘိုးဘွား(၁၈)ဦးအား  ပူဇော်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့ နေဝင်းရပ်ကွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ရုံးဝန်းအတွင်းရှိ စိမ်လဲ့ရေကြည်ခန်းမ၌ ဧပြီ ၁၇ ရက် နံနက် ၈  နာရီ တွင်  သက်ကြီးဘိုးဘွား(၁၈)ဦးအား  ပူဇော်ပွဲ အခမ်းအနားပြုလုပ်ကြောင်း သိရသည်။ 
မြို့သစ်မြို့နယ်တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး မြို့သစ်မြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မြို့နယ်လုံးကျွတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကို မြို့သစ်မြို့နယ်ဂေါပကအဖွဲ့ကကြီးမှူး၍ ဧပြီ ၁၇ ရက် နံနက် ၇ နာရီက မြို့သစ်မြို့ ဗိုလ်ချုပ်လမ်း၌ ကျင်းပသည်။
ဒုံဝန်းကျေးရွာ၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲ ညစဉ် ကျင်းပ
မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာ ညောင်ပင်သာကျောင်းတိုက်ရှိ အောင်ချမ်းသာဘုရား ရင်ပြင်တော်‌၌ မဟာသင်္ကြန်ကာလ နှစ်ကူးအထူးတရားပွဲများကို ညောင်ပင်သာ ကျောင်းဂေါပကအဖွဲ့မှ ကြီးမှူး၍ ညစဉ်ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျောင်းကုန်းမြို့၌ နှစ်ဆန်းတစ်ရက်နေ့  ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲ ကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ ဒါးကမြစ်အတွင်းသို့ ဇီဝိတဒါန စုပေါင်းငါးလွှတ်ပွဲကို ၁၃၈၄ ခုနှစ် မြန်မာနှစ်ဆန်းတစ်ရက်နေ့ နံနက် ၈ နာရီခန့်က ပြုလုပ်သည်။