တောင်ကြီးမြို့၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးပေး
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံရှိ ကုသရေး၊ ကျန်းမာရေးဝန်ထမ်းနှင့် အမျိုးသမီးနှင့် ကလေးဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ ၂၈ ရက် နံနက် ၉ နာရီက စဝ်စံထွန်းဆေးရုံ (၅)ထပ်ဆောင်၌  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးပေးလျက်ရှိသည်။
ထန်းတပင်၌ အမှိုက်ကောက် Campaign အစီအစဉ်ကို အပတ်စဉ်ဆောင်ရွက်သွားမည်
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် သန့်ရှင်းသာယာလှပစေရေးနှင့် အမှိုက်များကို စနစ်တကျ စွန့်ပစ်တက်စေရန် ရည်ရွယ်၍ We Love Htantabin လူထုအခြေပြုပရဟိတအဖွဲ့ (ထန်းတပင်)မှ ဦးဆောင်ကာ အမှိုက်ကောက် Campaign အစီအစဉ်ကို မြို့နယ်အတွင်းအကောင်အထည် ဖော်ကာဆောင်ရွက်နေပြီး အပတ်စဉ် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အဆိုပါပရဟိတအဖွဲ့မှ သိရသည်။
ကလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးစတင်ထိုးနှံပေး

ကလော၊  ၂၈ ဇန်နဝါရီ     

ရပ်စောက်မြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး စတင်ထိုးနှံ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံခြင်းကို ဇန်နဝါရီ ၂၈ ရက် နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ကြသည်။
မိုးကောင်းမြို့နယ်၌ ကျန်းမာရေးဝန်ထမ်းများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအကြိမ် စတင်ထိုးနှံ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန လက်အောက်ရှိဝန်ထမ်းများအား ပထမအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို ယနေ့နံနက် ၉ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ သတ်မှတ်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ အထူးကြပ်မတ်၍ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိုးကောင်းမြို့ရှိ လွဲပုတ်ရွာဟောင်းရေတံခွန် လည်ပတ်ကြသူများဖြင့် စည်ကားများပြား