ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စီးနင်းသော ခရီးသွားပြည်သူ ၇ သောင်းကျော်သာရှိ

ရန်ကုန်တိုင်းဒေသကြီးအတွင်း YBS စီးနင်းသော ခရီးသွားပြည်သူ ၇ သောင်းကျော်သာရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့၏ ထုတ်ပြန်ချက်များအရ သိရသည်။
တနိုင်းမြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တောင်သူ ၄၁၂ ဦး၏ စပါးစိုက်ကွင်းများ ရေကြီးနစ်မြုပ်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် စက်တင်ဘာ ၂၁ ရက်က မိုးအဆက်မပြတ်ရွာသွန်းရာ စက်တင်ဘာ ၂၅ ရက် နံနက်ပိုင်းမှစ၍ လီဒိုလမ်းမ‌ကြီးပေါ် အချို့နေရာများ လမ်းရေကျော်မှုများ၊ လမ်းမြေသားပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပြီး တနိုင်းချောင်း၊ နန်ဗျူချောင်း၊ မဂွေတောင်ချောင်း၊ နန့်ခမ်းယန်ချောင်း၊ တိန်‌ကောက်ချောင်း၊ ကိုင်ထောင်ချောင်းနှင့် အီးတီချောင်းများမှ ရေလျှံတက်မှုကြောင့် တနိုင်းမြို့နယ်၌ စပါးစိုက်ပျိုးသီးနှံများ ရေကြီးနစ်မြုပ်ခဲ့ကြောင်း သိရသည်။