မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် ကျန်းမာရေးနှင့် ညီညွတ်မှုမရှိသည့် ဆေးဝါးများ ဈေးဆိုင်များတွင် ရောင်းချမှု မရှိစေရေး ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနက ချောင်းဆုံမြို့ အမှတ်(၁)ဈေးနှင့် မြို့ပေါ်ရှိ ဆေးဆိုင်များအား ဇန်နဝါရီ ၂၅ ရက် နံနက်ပိုင်းက စံချိန်စံညွှန်းနှင့် မညီသည့် ဆေးဝါးများ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။