မိုင်းယောင်းမြို့နယ်၌ သခွားသီးစိုက်ပျိုးသူ တောင်သူများ အဆင်ပြေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု ဝမ်ပုံကျေးရွာမှ တောင်သူ အချို့သည် သခွားကို သမားရိုးကျစိုက်နည်းဖြင့် စိုက်ပျိုးလာကြရာမှ ယခုနှစ်တွင် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန၏ နည်းပညာများ ပေါင်းစပ်၍ Farmer To Farmer အစီအစဉ်ဖြင့် သခွားများ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး သခွားသီးများ ခူးဆွတ်ရောင်းချနေကြပြီ ဖြစ်ကြောင်း တစ်ပိုင်တစ်နိုင် သခွားစိုက် တောင်သူတစ်ဦးထံမှ သိရသည်။








