ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ရေး အဝါရောင်လှုပ်ရှားမှုအတွင်း ရန်ကုန်ဟိုတယ်များ ပါဝင်လာပြီး ဟိုတယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ လုပ်ငန်းများ လည်ပတ်နေဆဲဖြစ်
ကိုဗစ်-၁၉ ရောဂါ ရပ်တန့်ရေး အဝါရောင်လှုပ်ရှားမှုအတွင်း ရန်ကုန်မြို့ရှိ ဟိုတယ်များမှ ပူးပေါင်းပါဝင်လာပြီး တိုင်းဒေသကြီးအတွင်းရှိ ဟိုတယ်အားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ တည်းခိုနေထိုင်သူ မရှိသော်လည်း ဟိုတယ်လုပ်ငန်းများ လည်ပတ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း (ရန်ကုန်ဇုန်) ထံမှ သိရသည်။






