ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD အလုံးရေ ၂၀၀၀ နေပြည်တော်သို့ရောက်ရှိ၊ ဇန်နဝါရီ ၂၇ ရက်တွင် ကျန်းမာရေးဝန်ထမ်းများကို စတင်ထိုးနှံပေးသွားမည်
အိန္ဒိယနိုင်ငံအစိုးရက မြန်မာနိုင်ငံမှ ဆောင်ရွက်လျက်ရှိသည့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အစီအမံများအား အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အိန္ဒိယနိုင်ငံအခြေစိုက် Serum Institute of India (SII) ထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေး COVISHIELD ၁ ဒသမ ၅ သန်းကို ပထမအကြိမ် ကူညီထောက်ပံ့ခဲ့ရာ ဇန်နန်ဝါရီ ၂၂ ရက်က ရန်ကုန်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိခဲ့သည်။








