ညောင်ရွှေမြို့နယ်၌ နွေစပါးနှင့် ကြံစိုက်တောင်သူများအတွက် ချေးငွေ ကျပ်သိန်းပေါင်း ၂၀၇၄၇ ထုတ်ချေး

ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်အတွင်းရှိ နွေစပါးနှင့် ချက်ကြံတောင်သူများအား ၂၀၂၁ ခုနှစ် မိုးကြိုကာလ ချေးငွေများ ထုတ်ချေးခြင်းကို ဇန်နဝါရီ ၂၀ ရက်က ညောင်ရွှေမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရ
အသက်(၁၀ဝ)နှစ်နှင့် (၈၅)နှစ်အထက် ဘိုးဘွားများအား လူမှုရေးပင်စင်ပေးအပ်ခြင်း   အခမ်းအနားပြုလုပ်
အသက်(၁၀ဝ)နှစ်နှင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ပေးအပ်ခြင်းကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေး ခန်းမတွင် ဇန်နဝါရီ  ၂၁ ရက် မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့
တတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

လူမှုဖူလုံရေးအဖွဲ့မှ COVID-19 ကာလအတွင်း ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ လုပ်ငန်းဌာနများရှိ အာမခံအလုပ်သမား၊ ဝန်ထမ်းများအား လူမှုဖူလုံရေးထောက်ပံ့ငွေ ထုတ်ပေးထားရှိမှု အခြေအနေ

မြိတ်မြို့၌  စားသောက်ကုန်၊ အလှကုန်များအား ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် ရှောင်တခင်စစ်ဆေး
ပြည်သူများ နေ့စဉ် စားသောက် သုံးစွဲနေသော စားသောက်ကုန်နှင့် အလှကုန်ပစ္စည်းများအား  ဘေးအန္တ ရာယ်ကင်းရှင်းရေးအတွက် တနင်္သာရီတိုင်းဒေသကြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်၍ မြိတ်ခရိုင် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီတို့မှ ဇန်နဝါရီလ(၂၁)ရက် နံနက်ပိုင်းက ကလွင်ကျေးရွာ ဦးနီတိုး ပုဂ္ဂလိကဈေးရှိ စားသောက်ကုန်၊ အလှကုန်အရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေး ခဲ့ကြပြီး စားသောက်ကုန်များ နမူနာဝယ်ယူ၍ ရွေ့လျားဓာတ်ခွဲယာဉ်ဖြင့် စစ်ဆေးခဲ့ကြသည်။
မိုးမိတ်မြို့နယ်တွင် လယ်ယာထုတ်ကုန်ဧက(၈၀၀)ကျော်အကျိုးပြုမည် ကျေးလက်ကုန်ထုတ်လမ်းဖောက်လုပ်
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေ ပြည်သူများ၏ လယ်ယာထွက်ကုန်များ ဈေးနှုန်းသက်သာစွာဖြင့် ဈေးကွက်သို့လွယ်ကူလျင်မြန်စွာ ပို့ဆောင်နိုင်စေရန်ရည်ရွယ် အကောင်အထည်ဖော်‌ ဆောင်ရွက်လျက်ရှိသည့် ပသင်ကျေးရွာအုပ်စု၊ ဆည်ဦးကျေးရွာ၌ ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်နေမှု အခြေအနေများကို ဇန်နဝါရီ ၂၀ ရက် မွန်းလွဲပိုင်းက တာဝန်ရှိသူများကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရ သည်။
ဟားခါးပြည်သူ့ဆေးရုံကြီး၌ COVID-19​ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက်  High Flow Nasal Cannula Machine (HFNC) ဝယ်ယူနိုင်ရန် အလှူငွေများ ပေးအပ်လှူဒါန်း