မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ သထုံမြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး
မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံသည် တာဝန်ရှိသူများလိုက်ပါလျက် ဇန်နဝါရီ ၁၀ ရက်က သထုံမြို့နယ်အတွင်း ဆောင်ရွက်နေသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးသည်။





