အပျိုစင်ဒေသဟု  လူသိများသော  ရွာငံကို   ကမ္ဘာ့အလယ်တွင်  ထင်ရှားလာစေရန် ခရီးသွားလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်နေ

ရှမ်းပြည်နယ်(တောင်ပိုင်း)ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံဒေသကို ကမ္ဘာ့အလယ်တွင် ထင်ရှားလာ စေရန် ခရီးသွားလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း ရွာငံမြို့နယ် ခရီးသွား လုပ်ငန်းများ ဖွံ့ဖြိုးတက်ရေးအဖွဲ့(YTO)မှ သိရသည်။
ဒေသခံတောင်သူများ စိုက်ပျိုးရေအဆင်ပြေစွာ ဖြန့်ဝေပေးနိုင်ရေးအတွက် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်နေမှုအား တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ဒေသခံ တောင်သူများ (နွေ ၊ မိုး ၊ ဆောင်း) ရာသီမပျက် သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေ အဆင်ပြေစွာ ဖြန့်ဝေပေး နိုင်ရေး အတွက်      ၂၀၂၀ - ၂၀၂၁  ဘဏ္ဍာရေးနှစ် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ရေလက်တံမြောင်းများ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဝင်းမော်ဌေး နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ် မြေနီကုန်းကျေးရွာတွင် ကျေးရွာရေရရှိရေးလုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေများ ဖူလုံစွာရရှိနိုင်ရေး ဆောင်ရွက်လျက်ရှိရာ  မြေနီကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မွမ်းမံရန်ပုံငွေ ကျပ်(၈ ဒသမ ၈)သန်းဖြင့် ကျေးရွာရေရှိရေးလုပ်ငန်း ဆောင်ရွက်နေမှုအား ဇန်နဝါရီ  ၅  ရက် နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း  သိရသည်။
ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဗေသလဘိုးဘွားရိပ်သာသို့ COVID-19 ​ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများ ပေးအပ်လှူဒါန်း
COVID-19 ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း အဘိုးအဘွားများ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ခင်သူဇာနှင့် ဝန်ထမ်းများက ဗေသလဘိုးဘွားရိပ်သာသို့ COVID-19 ​ရောဂါ ကြိုတင်ကာကွယ်ရေး ကျန်းမာရေးအထောက်အကူပြု ပစ္စည်းများကို ဇန်နဝါရီ ၅ ရက်က ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ် ကရင်ရိုးရာဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲ ကျင်းပမည်
ကရင်သက္ကရာဇ်(၂၇၆၀)ပြည့်နှစ်၊ မြန်မာသက္ကရာဇ်(၁၃၈၂)ခုနှစ်  ပြာသိုလဆန်း(၁)ရက် ဇန်နဝါရီ ၁၃ ရက်တွင် ကျရောက်မည့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အထိမ်းအမှတ်အနေဖြင့် ကရင်ရိုးရာဂျပ်ခုတ်ဒီဇိုင်းပြိုင်ပွဲကို