မင်းဘူးမြို့နယ် မီးသတ်ဦးစီးဌာန အရေးပေါ်ကူညီကယ်ဆယ်ရေးဖွဲ့မှ ရေပြင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သရုပ်ပြလေ့ကျင့်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်မီးသတ်ဦးစီးဌာန အရေးပေါ်ကူညီကယ်ဆယ်ရေးအဖွဲ့မှ တပ်ဖွဲ့ဝင်များက ယမန်နေ့ နံနက်ပိုင်းက ဧရာတီမြစ်အတွင်း ရေပြင်ကူညီကယ်ဆယ်ရေး သရုပ်ပြ လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း
အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံစက်ချုပ်သင်တန်း  ဖွင့်လှစ်
ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးပွားလာစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံ စက်ချုပ် သင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲကို ဇန်နဝါရီ ၅ ရက်နေ့နံနက်ပိုင်းက ဒါးပိန်တောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးတွင် ကျင်းပခဲ့
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်

ဟိုပုံး၊  ၆ ဇန်နဝါရီ

တနင်္သာရီမြို့ ချောင်းငယ်ရပ်ကွက်တွင်  နေအိမ်အသစ်ဆောက်ရန်မြေတူးစဉ် ရှေးဟောင်းစဉ့်အိုးနှင့် ထည့်ထားသော ငွေဒင်္ဂါးပြား(၁၇၂)ပြား တူးဖော်တွေ့ရှိ
တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့  ချောင်းငယ်ရပ်ကွက် ဦးသီဟအေး အသက်(၄၇ နှစ်) ၏ နေအိမ်အဟောင်းကို ဖျက်၍ အသစ်ဆောက်လုပ်ရန် ဇန်နဝါရီ ၆ ရက် နံနက်ပိုင်းက မြေတူးစဉ် အိမ်အဟောင်း၏ အိမ်ဦးတိုင်အရင်းတွင် ရှေးဟောင်းငွေဒင်္ဂါးပြားများအား တူးဖော်တွေ့ရှိကြောင်း သိရသည်။
အောင်လံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်သူဗဟိုပြု လုပ်ငန်းစီမံကိန်းများ အဆိုပြုတင်ပြနိုင်ရေးအတွက် အတည်ပြုရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်သူဗဟိုပြုလုပ်ငန်းစီမံကိန်းများ အဆိုပြုတင်ပြနိုင်ရေးအတွက် အတည်ပြုရွေးချယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီ ၆ ရက် နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများ နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုဖြစ်‌ပေါ်ပါက ဆက်သွယ်အကူအညီတောင်းနိုင်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် နွေရာသီကာလ ရေရှားပါးပြတ်လပ်မှုများဖြစ်ပေါ်ခဲ့ပါက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်အကြောင်းကြား အကူအညီတောင်းခံနိုင်ကြောင်း မြို့နယ်ဦးစီးမှူး ဦးကျော်စိုးနိုင်ထံမှ သိရသည်။
ကျောက်တံတားမြို့နယ်၌ လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကုဆေးခန်းဖွင့်ပွဲ ကျင်းပ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့ လူမှုဖူလုံရေး-ကဲဝဲလ် အထွေထွေရောဂါကုဆေးခန်းကို  ရန်ကုန်မြို့  ကျောက်တံတားမြို့နယ်  အမှတ်(၃၂၇/ ၃၆၇) မဟာဗန္ဓုလ ပန်းခြံလမ်း၊ အထက်ဘလောက်ရှိ အဆိုပါ လူမှုဖူလုံရေး-ကဲဝဲလ်အထွေထွေရောဂါကု  ဆေးခန်း အဆောက်အဦ၌ ဇန်နဝါရီ ၆ ရက် နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့