ကယားပြည်နယ် မီးသတ်ဦးစီးဌာနက မီးလောင်မှု၊ ပြိုကျပျက်စီးမှုအတွက် မီးငြှိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ တုံ့ပြန်ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်းပြီး သရုပ်ပြလေ့ကျင့်ခြင်းကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီခွဲက လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ ပြည်နယ်မီးသတ် ဦးစီးဌာနရုံးဝန်း၌ ဆောင်ရွက်ကြသည်။