ပြည်ပတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေး

COVID-19 ကူးစက်ရောဂါကာလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရန် စောင့်ဆိုင်းနေကြသည့် မြန်မာနိုင်ငံသားများနှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး ဆိုးလ်မြို့မှ တစ်ပတ်လျှင်တစ်ကြိမ် ကယ်ဆယ်ရေးလေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေးစီစဉ်ပေးလျက်ရှိရာ ၂၉-၁၂-၂၀၂၀ ရက်တွင် မြန်မာအပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်းဖြင့် (၃၇) ကြိမ်မြောက် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။
ထီးချိုင့်မြို့နယ်တွင် ဆောင်းမြေပဲမျိုးစေ့ထုတ်ကွက်စိုက်ပျိုးခြင်းနှင့် မျိုးယှဉ်ပြိုင်စမ်းသပ်ကွက် စိုက်ပျိုးခြင်းအား  စိုက်နည်းစနစ်မှန်ကန်ရေး ကြီးကြပ်ဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံ တိုးချဲ့စိုက်ပျိုးနိုင်ရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ညောင်ပင်သာနည်းပညာပြန့်ပွားရေးစင်တာ အတွင်းရှိ မရသိမ်အုပ်စု၊ မရသိမ်ကျေးရွာရှိ တောင်သူဦးစိန်ဖေ၏ ကွင်းအမှတ်(၂၂၇၇) ဦးပိုင်အမှတ် (၁၃)တွင် ယနေ့နံနက်(၉)နာရီအချိန်က ဆောင်းမြေပဲ မကွေး(၁၆)  မျိုးစေ့ထုတ်ကွက် စိုက်ပျိုးခြင်း၊ မျိုးယှဉ်ပြိုင် စမ်းသပ်ကွက်စိုက်ပျိုးခြင်းအား စိုက်နည်းစနစ်မှန်ကန်ရေးအတွက် ညောင်ပင်သာ နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံ ဒေါ်မြတ်နိုးဆွေနှင့် စိုက်ပညာရှင်ဝန်ထမ်းများမှ ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရ
စေတုတ္တရာမြို့နယ် ကြီးဝကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုငွေကျပ်(၆၃ ဒသမ ၅)သန်းဖြင့် ကျေးရွာလျှပ်စစ်မီးလင်းရေးဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေးဆောင်ရွက် လျက်ရှိရာ 
အသေးစားနှင့်အလတ်စား စက်ရုံအလုပ်ရုံလုပ်ငန်းများအတွက် ဒုတိယအကြိမ် အခမဲ့ Online Seminar ကျင်းပ
ကုန်သည်/စက်မှုအသင်းချုပ်ရှိ မြန်မာ့ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးဗဟိုဌာန(MPC)၏ ဒုတိယအကြိမ်မြောက် အခမဲ့ Online Seminar ကို အသေးစားနှင့် အလတ်စားစက်ရုံ အလုပ်ရုံလုပ်ငန်းများအတွက် ရည်ရွယ်၍ “Business Continuity Planning for SME Factories” ခေါင်းစဉ်ဖြင့်