ဟိုင်းကြီးကျွန်းမြို့၌  အပေါ့စားအရေးပေါ်မီးသတ်စက်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာအုပ်စု (၆)စုအား အပေါ့စားအရေးပေါ် မီးသတ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ဒီဇင်ဘာ  ၂၉ ရက် နံနက် ၈ နာရီက ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
တနိုင်းမြို့နယ်ရှိ လူစည်ကားရာနေရာများနှင့် ပျံကျဈေးများတွင် Mask Campaign ဆောင်ရွက်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများကို  ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ လူစည်ကားသည့် ပျံကျဈေးတန်းတွင် Mask Campaign ဆောင်ရွက်ကြသည်။
တနင်္သာရီ၌ ဆေးရောင်းချခွင့်လိုင်စင်နှင့် မှတ်ပုံတင်မထားသည့် ဆေးဝါးများ ရောင်းချခြင်း ရှိ/မရှိ စစ်ဆေး
တနင်္သာရီမြို့နယ်အတွင်း ဆေးနှင့်ဆေးပစ္စည်းအမျိုးမျိုးရောင်းချနေသော ဆေးဆိုင်များတွင် ဆေးရောင်းချခွင့် လိုင်စင် ရှိ/မရှိနှင့် မှတ်ပုံမတင်ထားသော ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိ၊ တားမြစ်ဆေးဝါးများ ရောင်းချနေခြင်း ရှိ/မရှိကို မြို့နယ်ဆေးဝါကြးကြပ်ရေးအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက  မြို့ပေါ်ရပ်ကွက် ဖြစ်သည့် ချောင်းကြီးရပ်ကွက်နှင့် ချောင်းငယ်ရပ်ကွက်အတွင်းရှိ ဆေးဆိုင်များသို့ ရှောင်တခင် သွားရောက် စစ်ဆေးကြ
ကျောင်းဆောင်သစ်တည်ဆောက်ရေး ပန္နက်တင်မင်္ဂလာကျင်းပ
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ရွှေစက်)တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်သန်း ၂၀၀ ကျော်ဖြင့် တည်ဆောက်မည့် ကျောင်းဆောင်သစ် ဆောက်လုပ်ရေး ပန္နက်တင်မင်္ဂလာအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း၌   ကျင်းပသည်။
တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ မီးဘေးသင့်မိသားစုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်
ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့၌ ဒီဇင်ဘာ ၂၀ ရက်က မီးအားမြှင့်စက် အပူလွန်ကဲရာမှ မီးလောင် သွားသည့် မီးဘေးသင့်အိမ်ထောင်စုတစ်စုအား ထောက်ပံ့ငွေနှင့် ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်ခြင်းကို