ဟိုပုံးမြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံသစ် ပန္နက်ရိုက်ထူ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ မှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံသစ် ပန္နက်ရိုက်ထူခြင်းကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံး အဆောက်အအုံ တည်ဆောက်မည့် မြေနေရာတွင် ပြုလုပ်သည်။
ဆိပ်ဖြူမြို့နယ်   ချောင်းမကြီး ဒေသထွက် ပန်းမုန်လာ စိုက်ပျိုးရောင်းချသူများ အဆင်ပြေ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ချောင်းမကြီးကျေးရွာထွက် ဆောင်းသီးနှံ ရာသီစာကုန်စိမ်း ပန်းမုန်လာများ လှိုင်လှိုင်ပေါ်ထွန်းသည့်ကာလဖြစ်သည့်အတွက် ပန်းမုန်လာစိုက်ပျိုးသူများ အဆင်ပြေကြကြောင်း သိရသည်။
နမ္မတူမြို့နယ်၌ (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား ကွင်းဆင်းစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို
ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ  နှမ်းအထွက်နှုန်းလျော့ပြီး စျေးကောင်းမရဖြစ်နေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ရှိ နှမ်းစိုက်တောင်သူများ ရာသီဥတုကြောင့် နှမ်းအထွက်နှုန်းများ လျော့နည်းပြီး စျေးကောင်းမရရှိသဖြင့် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ဒေသခံတောင်သူများထံမှ  သိရသည်။
မိုင်းယုမြို့ရှိ  ဒေသဖွံ့ဖြိုးရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ နယ်စပ်ဒေသ မိုင်းယုမြို့ရှိ ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်နေကြသည့် တည်ဆောက်ရေးလုပ်အား မြို့နယ် တည်ဆောက်ရေးလုပ်ငန်း ကော်မတီအဖွဲ့များက ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းတွင် ကွင်းဆင်း ကြည့်ရှု့စစ်ဆေးခဲ့ကြသည်။
တောင်ကြီးမြို့ သဘာဝအရင်းအမြစ်ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)  တောင်ကြီးခရိုင် စီမံခန့်ခွဲ့မှုကော်မတီမှ ဦးဆောင်ကျင်းပသော တောင်ကြီးမြို့ သဘာဝအရင်းအမြစ် ထိန်းသိမ်းရေး တာဝန်ပေးအပ်ပွဲနှင့် တောင်ကြီးခရိုင် Mask Campaign တိုးမြှင့် ဆောင်ရွက်ရေး အစည်းအဝေးကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၁၀ နာရီက တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန် ငွေများ လှူဒါန်း
မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူရန်နှင့် ဘက်စုံပြုပြင်မွမ်းမံရန် တတိယအကြိမ် အလှူငွေ ပေးအပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီက ရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။