ရထားလမ်း၊ ကားလမ်း၊ ခုံးကျော်တံတားသစ် စီမံကိန်းတံတား ချဉ်းကပ်နှင့်မြေကာနံရံများဆောင်ရွက်ရန် အလုံလမ်းကို(၁)လ ခေတ္တပိတ်၍ ဆောင်ရွက်မည်
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ် အလုံလမ်းမကြီးနှင့် ရထားလမ်း ဖြတ်သန်းရာ အလုံလမ်း ပိုင်းရှိ ရထားလမ်း/ကားလမ်း ခုံးကျော်တံတားစီမံကိန်းကို မြန်မာ့မီးရထား တံတားပေါင်အလုပ်ရုံ (မလွှကုန်း) အင်ဂျင်နီယာဌာနမှ တာ၀န်ယူ ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် တံတားတည်ဆောက်မှု လုပ်ငန်းများ ပြီးစီးနေပြီးဖြစ်သော်လည်း ဆောင်ရွက်ရန် ကျန်ရှိနေသော တံတားချဉ်းကပ်လမ်းနှင့် မြေကာနံရံ လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်





