ပခုက္ကူဒေသနှင့် ကိုက်ညီမည့် ဝါမျိုးရွေးချယ်ရေးစိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာသုံးရွာမှ တောင်သူများ ဆွေးနွေး
ဒေသကိုက်ညီမည့် ဝါမျိုးစေ့ရွေးချယ်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့်ကျေးရွာသုံးရွာမှ တောင်သူများ တွေ့ဆုံဆွေးနွေးပွဲကို ဒီဇင်ဘာ ၂၅ ရက် နံနက် ၉ နာရီက ပခုက္ကူမြို့နယ် ထန်းတပင်ကျေးရွာ တောင်သူ ဦးအောင်သန်း၏ ဝါ(၅)မျိုး ယှဉ်ပြိုင်စမ်းသပ်ကွက်၌ ကျင်းပသည်။








