ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ လုံးပတ် (၁၁၄) ပေရှိသည့် သစ်ပင်ကြီးအား သက်တမ်းရင့်ပင်စာရင်းဝင်နိုင်ရန် တိုင်းတာမှုများပြုလုပ် 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်ကျေးရွာအုပ်စု ခလယ်ကျေးရွာတွင်  ညောင်အမျိုးအနွယ် သစ်ပင်ကြီးတစ်ပင်အား သက်ဆိုင်ရာဦးစီးဌာနနှင့်ဒေသခံပြည်သူများမှ သက်တမ်းရင့်ပင် စာရင်းဝင်နိုင်ရန်နှင့် ရေရှည်ထိန်းသိမ်းနိုင်စေရေးအတွက် အပင်အမြင့်ပေနှင့် အပင်လုံပတ်တိုင်းတာခြင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်အတွင်း ကျေးလက်ကုန်ထုတ်ငါးလမ်းနှင့် တံတားခုနစ်စင်းကို ငွေကျပ်သန်း ၆၃၀ ကျော်အသုံးပြုကာ ဆောင်ရွက်ပေးမည်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် မိုးညိုမြို့နယ်အတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကျေးလက် ကုန်ထုတ် လမ်း ငါးလမ်းနှင့် တံတား (၇)စင်းကို ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေကျပ်သန်း ၆၃၀ ကျော်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ဇာဇာ ယမင်းထိုက်က ပြောသည်။
မြန်မာ-တရုတ် ပူးပေါင်းဆက်ဆံရေး ဗဟိုအသင်း တောင်ဥက္ကလာပမြို့နယ်သို့ ကိုဗစ် -၁၉ ကာကွယ်ရေး ပစ္စည်းများ လှူဒါန်း
မြန်မာ-တရုတ် ပူးပေါင်းဆောင်ရွက်ရေးဗဟိုအသင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများကို ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံးသို့ ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းက သွားရောက် လှူဒါန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးငြိမ်းချမ်းအောင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်တို့က လက်ခံရယူပြီး ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့
လဲချားတွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေးဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ်တောင်ပိုင်း  လွိုင်လင်ခရိုင် လဲချားမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရေး အသိပညာပေး ဆွေးနွေးပွဲကို ဒီဇင်ဘာ  ၁၅ ရက် နံနက် ၁၀ နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနား ကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံ အလေးပြုပွဲအခမ်းအနားကျင်းပရေး၊ ပြင်ဆင်ရေးနှင့် ဖိတ်ကြားရေး ဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပ
ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာမှဒေသခံများ ရွှံ့စေးမြေအုတ်လုပ်ငန်းဖြင့် မိသားစုဝင်ငွေရရှိ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကမ္ဘားကြီးကျေးရွာမှဒေသခံပြည်သူများ မြေအုတ်လုပ်ငန်းခွင်တွင် ဝင်ရောက်လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိလျက်ရှိကြောင်း သိရ