ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေပြီဖြစ်သည့် တောင်ကုန်းရွာ အိုးလုပ်ငန်း
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ တောင်ကုန်းရပ်တွင် ထန်းတက်ရာသီအမီ ထန်းဆွဲမြူအိုးများ စတင်လုပ်ကိုင်နေကြပြီ ဖြစ်ကြောင်း ရိုးရာအိုးလုပ်ငန်း အမြဲလုပ်ကိုင်နေသည့် တောင်ကုန်းကျေးရွာမှ ဦးမြင့်ဆွေက ပြောသည်။








