မိုင်းရှူးမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၄၇၆၈)စုအတွက် တစ်အိမ်ထောင်လျှင် ကျပ် ၂၀၀၀၀ နှုန်းဖြင့် ဒုတိယအကြိမ် ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးသည့် ဒုတိယအကြိမ် ထောက်ပံ့ငွေများကို သြဂုတ် ၁၄ ရက်မှ စ၍ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းကောင်ခမ်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထွဋ်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ က ရပ်ကွက်/ကျေးရွာအရောက် ထောက်ပံ့ငွေများ လိုက်လံပေးအပ်ခဲ့သည်။
ကျုံ​ပျော်တွင် ကိုယ်ဝန်​ဆောင်မိခင်များအတွက် အာဟာရဖွံ့ဖြိုး​ရေးရက်သတ္တပါတ်လှုပ်ရှားမှုများ ဆောင်ရွက်
ကိုယ်ဝန်​ဆောင်မိခင်များ ကျန်းမာ​ရေးအထူး​ကောင်းမွန်ရန်၊ ​မွေးဖွားသည့်က​လေးငယ်များ ကျန်းမာသန်စွမ်း​ပြီး ဉာဏ်ရည်​ဖွံ့ဖြိုးစေရန်အတွက် ဧရာဝတီတိုင်း​ဒေသကြီး၊ ကျုံ​ပျော်မြို့နယ်၊ မိခင်နှင့်က​လေးကျန်းမာ​ရေးဌာနတွင် ကိုယ်ဝန်​ဆောင်မိခင်များအတွက် အာဟာရဖွံ့ဖြိုး​ရေး ရက်သတ္တပါတ်လှုပ်ရှားမှုကို
မြိုင်ကြီးငူအထူးဒေသတွင် ကြွက်နားရွက်မှို စိုက်ပျိုးထုတ်လုပ်မှု နည်းပညာပေး သင်တန်းဖွင့်လှစ်
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် Greater  Mekong Subregion Agriculture and Education Development Center (GMSAEDC)နှင့် စိုက်ပျိုးရေးဦးစီးဌာန၊ ကော်ဖီ-ရာသီသီးနှံဌာနခွဲတို့ ပူးပေါင်း၍ ဒေသဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအစီအစဉ်ဖြင့် မြိုင်ကြီးငူအထူးဒေသ အေးလင်းသာယာ တိုက်ပွဲရှောင်စခန်း၌ ယမန်နေ့က ကြွက်နားရွက်မှိုစိုက်ပျိုးထုတ်လုပ်မှု လက်တွေ့ပြသ နည်းပညာပေး သင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  Cash for Work စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သည့် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့နယ်၊ ငကျန်ကျေးရွာနှင့် ကူကီးရွာမကျေးရွာတို့တွင် ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းနှင့် ရေမြောင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို တာဝန်ရှိသူများက ဩဂုတ် ၁၇ ရက်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
မိုင်းတုံမြို့တွင် အခြေခံလူတန်းစား အိမ်ထောင်စု(၁၃၆၁)စုအား ဒုတိယအကြိမ် ထောက်ပံ့ငွေများပေးအပ်
ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းဆတ်ခရိုင်  မိုင်းတုံမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသနိုင်ရေး ကာလအတွင်း နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ဒုတိယအကြိမ် ထောက်ပံ့ငွေများကို
မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာအုပ်စာစောင်များပြသ
မြန်မာနိုင်ငံ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုစာအုပ် စာစောင်ပြသပွဲကို ယမန်နေ့ နံနက် ၉ နာရီ က မြောင်းမြခရိုင် ပြည်သူ့စာကြည့်တိုက်၌  ကျင်းပခဲ့ကြောင်း သိရသည်။
မိုးရေရခဲ့သည့် မကွေးမြို့နယ်မှ နှမ်းစိုက်ခင်းများ ပုံမှန်အထွက်နှုန်းရရှိ
ကွက်ကျားမိုးရွာသွန်းခဲ့ခြင်းကြောင့် မကွေးတိုင်းအတွင်းရှိ မိုးနှမ်းစိုက်ဧက(၁၀)သိန်းကျော်ထဲမှ မိုးလိုမိုးခေါင် ဒဏ်သင့်၍ နှမ်းစိုက်ဧက တစ်သိန်းသုံးသောင်းကျော် ပျက်ဆီးခဲ့သော်လည်း မိုးရေလုံလောက်စွာရခဲ့သည့် မကွေးမြို့နယ်ထဲမှ ကျေးရွာအချို့တွင် ပုံမှန်အထွက်နှုန်းများ ရရှိခဲ့ကြောင်း