မိသားစုတစ်ပိုင်တစ်နိုင် မြက် တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် အဆင်ပြေလျက်ရှိ

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ်(၄) ချမ်းသာကြီးရပ်ကွက်တွင် မိသားစု တစ်ပိုင်တစ်နိုင် မြက်တံမြက်စည်း ပြုလုပ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက် ရှိကြောင်း တံမြက်စည်း ပြုလုပ်ရောင်ချသည့် မိသားစုများထံမှ သိရ
ပိုင်ကျုံမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ဆွေးနွေးပွဲ ဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟို ဌာနခန်းမ၌ ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိ ပညာပေး ခေါင်းစဉ်ဖြင့်Talk Show ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရ
ချောင်းဦးမြို့နယ်တွင်  ရေကြီးနစ်မြုပ်မှုကြောင့်  ပျက်စီးခဲ့သော စိုက်ခင်းများအား   ပြန်လည်စိုက်ပျိုးပြီး၊ အစားထိုးစိုက်ခင်းများ ပိုးမွှားရောဂါကာကွယ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်
စစ်ကိုင်းတိုင်းဒေသကြီး  မုံရွာခရိုင်  ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ရေကြီးနစ်မြုပ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့သော စိုက်ခင်းများအား သီးနှံများ ပြန်လည်စိုက်ပျိုးပြီး၊ အစားထိုးစိုက်ခင်းများ ပိုးမွှားရောဂါကာကွယ်နိုင်ရေး ဆူးလေကုန်း ကျေးရွာအုပ်စု၊ တောင်အင်းကျေးရွာ၊ ချောင်းမနားကျေးရွာအုပ်စု၊ ကျွန်းသာယာကျေးရွာနှင့် ညောင်ပင်သာ ကျေးရွာအုပ်စု၊ ဘုံတိုကျေးရွာများသို့ ဒီဇင်ဘာ ၈ ရက်၊ နံနက် ၁၀ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် လှိုင်ကော့ဖျာကျေးရွာတွင် ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ်လမ်းခြင်း ဆောက်ရွက်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ် အကူအညီ ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကဒီကံအုပ်စု လှိုင်ကော့ဖျာ ကျေးရွာတွင် ကျေးလက်နေ ပြည်သူများ သွားလာမှု အဆင်ပြေစေရန်အတွက် ရွာတွင်းကွန်ကရစ် လမ်းခင်းခြင်း လုပ်ငန်းကို ဒီဇင်ဘာ ၇ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါလေမြိုင်မြို့တွင် အသက် (၂)လမှ (၅)နှစ်အောက် ကလေးငယ်များအား တစ်အိမ်တက်ဆင်း ပိုလီယို ကာကွယ်ဆေး သွားရောက်တိုက်ကျွေး
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့တွင် အသက်(၂)လမှ (၅)နှစ်အောက် ကလေးငယ်များအား ပိုလီယို ကာကွယ်ဆေး တိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်းက နေအိမ်များအရောက် တစ်အိမ်တက်ဆင်း သွားရောက် တိုက်ကျွေးခဲ့သည်။
ဆရာတော်သံဃာတော်များက ကော့သောင်းမြို့ ဘိုးဘွားရိပ်သာသို့ အလှူငွေများလှူဒါန်း
ကော့သောင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း ၁၃ ကျောင်းမှ ဆရာတော် သံဃာတော်ကြီးများက ကော့သောင်းမြို့ ဘိုးဘွားရိပ်သာသို့ ဘိုးဘွားများ ဆေးဝါးကုသမှု ကိစ္စရပ်များတွင် အသုံးပြုနိုင်ရန် ဒီဇင်ဘာ ၇ ရက် ညနေပိုင်းက အလှူငွေများ ကြွရောက်လှူဒါန်းသည်။
လှိုင်းဘွဲမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာနမှ ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် မီးသတ်ဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ပွင့်လင်းရာသီ ရောက်လာပြီးဖြစ်၍ မီးဘေးအန္တရာယ်များ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ရည်ရွယ်၍