ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့် ကိုက်ညီမှု ရှိ / မရှိ စစ်ဆေး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များ သတ်မှတ်စံချိန်စံနှုန်း A အဆင့်ကိုက်ညီမှု ရှိ / မရှိ စစ်ဆေးခြင်းကို ဒီဇင်ဘာ ၈ ရက် နံနက် ၁၁ နာရီက ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီဝင်များမှ လိုက်လံစစ်ဆေးခဲ့သည်။
ရထားစီးခရီးသည်များ ပါးစပ်၊ နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရေး လူထုလုပ်ရှားမှုယနေ့ နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ခဲ့
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ရထားစီးခရီးသည်များအားလုံး ပါးစပ်နှင့် နှာခေါင်းစည်း စနစ်တကျ တပ်ဆင်အသုံးပြုရေး လူထုလုပ်ရှားမှုကို ဒီဇင်ဘာ ၈ ရက် နံနက်ပိုင်းက ရန်ကုန်ဘူတာကြီး၌ ပြုလုပ်ခဲ့ကြောင်း သိရ
ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးရွာ ၁၄ ရွာကို သောက်သုံးရေရရှိရေး ဆောင်ရွက်သွားမည်
မွန်ပြည်နယ်၊ ၊ ကျိုက်မရောမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ သန့်ရှင်းသော သောက်သုံးရေ ဖူလုံစွာ ရရှိရေးအတွက် ၂၀၂၀ -၂၀၂၁ခု ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ် ၁၃၃ ဒသမ ၂၇ သန်း အသုံးပြုကာ ကျေးရွာ ၁၄ ရွာ၌ သောက်သုံးရေ ရရှိရေးလုပ် ငန်းများ ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ကျိုက်မရောမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရ
စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဆရာတော် ရောဂါပိုးကင်းစင်၍ ဆေးရုံမှ ဆင်းခွင့်ရ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ ရောဂါပိုး အတည်ပြုလူနာ ဆရာတော်(၁)ပါးသည် သတ်မှတ်ရက်(၁၁)ရက် စောင့်ကြည့်ကုသပြီးဖြစ်၍ ယနေ့ မွန်းလွဲ ၁ နာရီခန့်က ဆေးရုံမှ ဆင်းခွင့်ပြုလိုက်ပြီဖြစ်ကြောင်း သိရသည်။ 
ထို့ကော်ကိုး-ကျော်ခိုကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ (၆၅)ပေ သံကူကွန်ကရစ်တံတား (၂)စင်း တည်ဆောက်မည်
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ရန်ပုံငွေကျပ်(၂၃၀ ဒသမ ၄၂၁)သန်းဖြင့် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကိုး-ကျော်ခိုကျေးရွာ ချင်းဆက်လမ်းပေါ်ရှိ (၆၅)ပေ သံကူကွန်ကရစ်တံတား(၂)စင်း တည်ဆောက်ရန်
နမ္မတူမြို့နယ်၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေး
ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် နမ္မတူမြို့နယ်အတွင်းရှိ စားသောက် ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား (Take away) စနစ်ဖြင့် ရောင်းချခြင်း ရှိ/မရှိ ရှောင်တခင် ကွင်းဆင်း စစ်ဆေးခြင်းကို ဒီဇင်ဘာ (၈)ရက် နံနက် (၉)နာရီခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၌ ဆောင်ရွက်ခဲ့