မန္တလေးမြို့ရှိ အဆင့်မြင့်ဈေးချိုတော် အဆောက်အဦကို ဩဂုတ်လကုန်မှစတင်ကာ မီးအာမခံနှင့် မြေငလျင်အာမခံများ ထားရှိမည်
မန္တလေးမြို့အပါအ၀င် အထက်မြန်မာပြည်အတွက် ကုန်စည်ရောင်း၀ယ်ဖောက်ကားမှု အဓိကကျရာ ဈေးတစ်ခုဖြစ်သည့် အဆင့်မြင့် ဈေးချိုတော် အဆောက်အဦကို ဩဂုတ်လကုန်မှ စတင်ကာ မီးအာမခံနှင့် မြေငလျင်အာမခံများ ထားရှိတော့မည်ဖြစ်ကြောင်း အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင် အဖွဲ့ထံမှ သိရသည်။