ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် နေပြည်တော်တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ လုပ်ငန်းဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်မှုများကို  ကြည့်ရှုစစ်ဆေးသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် ဆန္ဒမဲလက်မှတ်များနှင့် စာအိတ်များ အပ်နှံ၊ လက်ခံရရှိမှုအခြေအနေ အသိပေးကြေညာခြင်း

( ၄ - ၁၂ - ၂၀၂၀ )

မဘိမ်းမြို့နယ်၊ ငါးအိုးတိုက်နယ်ဆေးရုံတွင် သုံးမွှာပူးကလေးငယ်များ အောင်မြင်စွာမွေးဖွား
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ် ငါးအိုးတိုက်နယ်ဆေးရုံတွင် ဒီဇင်ဘာ ၃ ရက် ည ၆ နာရီ ၄၅ မိနစ်က သုံးမွှာပူးကလေးငယ်များ အောင်မြင်စွာဖွားမြင်နိုင်ခဲ့ကြောင်း ငါးအိုးတိုက်နယ်ဆေးရုံ၊ လက်ထောက် ဆရာဝန် ဒေါက်တာဝင်းမင်းဦးထံမှ သိရသည်။ 
ပုသိမ်ကြီး လူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးလူငယ်သင်တန်းကျောင်း ဖွင့်လှစ်ထားရှိမှုနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ဗီဒီယိုကွန်ဖရင့် ဖြင့်ကျင်းပသည်။ 
ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေးသို့တက်ရောက်
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေး အဖွဲ့အစည်းအဝေး (၁/၂၀၂၀) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။
ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်း  Virtual အစီအစဉ်ဖြင့်ကျင်းပသည့်  Sixth Tokyo Fiscal Forum သို့ တက်ရောက်
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဉီးမောင်မောင်ဝင်းသည် ယနေ့ နံနက် ၉ နာရီခွဲတွင် Virtual အစီစဉ်ဖြင့် ကျင်းပသည့် Sixth Tokyo Fiscal Forum သို့ နေပြည်တော်ရှိ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနမှ ပါဝင်တက်ရောက်သည်။ 
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၄-၁၂-၂၀၂၀) ရက်နေ့၊ ညနေ (၆:၀၀)နာရီ