နမ္မတူတွင် ဘော်တွင်းသတ္တုတွင်း စီမံကိန်းပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများဆိုင်ရာ လူထုတွေ့ဆုံပွဲကျင်းပ
နမ္မတူတွင် Bawdwin Joint Venture (BJV)ကုမ္ပဏီမှ ဘော်တွင်းသတ္တုတွင်း စီမံကိန်း ပတ်ဝန်းကျင်နှင့်လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်းများဆိုင်ရာ (ESIA) လူထုတွေ့ဆုံ ဆွေးနွေးပွဲကို ဩဂုတ် ၁၄ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ မြို့တော်ခန်းမ၌ ဆောင်ရွက်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်လှိုင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစံဟွမ်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးရာဇာလင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။