ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများက ကျန်းမာရေး၊ လူမှုကူညီရေး ဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေသူများအတွက် အမေရိကန်ဒေါ်လာ (၁) သန်းခန့် တန်ဖိုးရှိ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ၊ နှာခေါင်းစည်းနှင့် အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့လှူဒါန်း
ကုလသမဂ္ဂနှင့် မိတ်ဖက်အဖွဲ့အစည်းများအနေဖြင့် မြန်မာနိ်ုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တိုက်ဖျက်ရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်သည့်အနေဖြင့် ကျန်းမာရေး၊ လူမှုကူညီရေး ဝန်ထမ်းများနှင့် နေရပ်ရွှေ့ပြောင်းနေထိုင်နေရသူ ၂၆၀,ဝ၀ဝ အတွက် အမေရိကန်ဒေါ်လာ (၁) သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရည်ကာကွယ်ရေးဝတ်စုံ(PPE)၊ နှာခေါင်းစည်းနှင့် အထောက်အကူပြုပစ္စည်းများကို ထောက်ပံ့လှူဒါန်းလျက်ရှိကြောင်း ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) မှ သိရသည်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၄-၈-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးထံ ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါ ကပ်အသွင် ဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ ကွင်းဆင်းဆောင်ရွက်ထားရှိမှုများ ရှင်းလင်းတင်ပြ
တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်နှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲတို့မှ တာဝန်ရှိသူများက ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဆုံဆို့နာရောဂါ ကပ်အသွင်ဖြစ်ပွားမှု (outbreak)နှင့်ပတ်သက်၍ ကွင်းဆင်း ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည့် အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌  ပြုလုပ်သည်။